အဘူဒါဘီ အိမ်ရှေ့မင်းသား Sheikh Khaled Bin Mohamed Bin Zayed AI Nahyan သည် အိန္ဒိယနိုင်ငံသို့ တရားဝင်အလည်အပတ်ရောက်ရှိလာကာ မွန်ဘိုင်းတွင် အင်္ဂါနေ့က ကျင်းပသည့် စီးပွားရေးအခမ်းအနားသို့တက်ရောက်ခဲ့သည်။ ထိုသို့တက်ရောက်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန်ရည်ရွယ်သည့် အရေးကြီးသော သဘောတူညီချက်နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
ပထမသဘောတူညီချက်သည် ကုန်သွယ်မှုလွယ်ကူချောမွေ့စေပြီး စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးစရိတ်စကများကိုလျှော့ချပေးသည့် India-UAE Virtual Trade Corridor (VTC) နှင့် MAITRI Interface ကို စတင်ရန်ဖြစ်သည်။ ဒုတိယသဘောတူညီချက်မှာ နိုင်ငံတကာအရင်းအမြစ်များကိုင်ဆောင်ခြင်း RSC LTD နှင့် တတိယနိုင်ငံများတွင် အရေးပါသော ဓာတ်သတ္တုထောက်ပံ့ရေးကွင်းဆက်ရှာဖွေရေး၌ ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအတွက် အိန္ဒိယကုမ္ပဏီများ၏ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (MOU) ဖြစ်သည်။ အိန္ဒိယ-အရှေ့အလယ်ပိုင်း-ဥရောပစီးပွားရေးစင်္ကြန် (IMMEC) ဆိုင်ရာ မူဘောင်သဘောတူညီချက်အရ အိန္ဒိယ-ယူအေအီးအကြား VTC ကို လွယ်ကူချောမွေ့စေရေးအတွက် VTC နှင့် MAITRI ကြားခံလုပ်ငန်းကိုစတင်ခြင်းဖြစ်သည်ဟု တရားဝင်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ Virtual Trade Corridor (VTC) သည် IMEEC ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်လာမည်ဖြစ်သည်။ VTC ၏ အကျိုးကျေးဇူးများတွင် စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များနှင့် အချိန်များကိုလျှော့ချခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးစရိတ်စကများလျှော့ချခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူစေခြင်းတို့ပါဝင်သည်။ IMEEC သည် လာမည့်ဆယ်စုနှစ်များအတွင်း ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှုများကိုသတ်မှတ်ပေးမည့် ရည်မှန်းချက်ကြီးသော အခြေခံအဆောက်အအုံစီမံကိန်းဖြစ်သည်။ တရားဝင်ထုတ်ပြန်ချက်အရ အိန္ဒယ-ယူအေအီး ကုန်သွယ်မှုသည် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၈၄ဘီလီယံအထိရောက်ရှိခဲ့ပြီး UAE သည် တရုတ်နှင့် အမေရိကန်ပြီးလျှင် အိန္ဒိယ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်လာခဲ့သည်။ ထို့ပြင် ယူအေအီးသည် ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် ဒေါ်လာ ၃၆ဘီလီယံနီးပါးရှိသော အိန္ဒိယ (အမေရိကန်ပြီးလျှင်) ဒုတိယအကြီးဆုံးပို့ကုန်နိုင်ငံဖြစ်သည်။
၂၀၀၀-၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံတွင် ယူအေအီး၏ ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၂၀-၂၁ ဘီလီယံခန့်ရှိမည်ဟုခန့်မှန်းရပြီး ကျန်သည့် အစုစု၏ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁၈.၅ဘီလီယံဖြစ်သည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ယူအေအီးသည် အိန္ဒိယနိုင်ငံ၏ ၆ခုမြောက် အကြီးမားဆုံး FDI ရင်းနှီးမြှုပ်နှံသူဖြစ်သည်။ ထို့ပြင် ယူအေအီးသည် အိန္ဒိယ၏ အခြေခံအဆောက်အအုံကဏ္ဍတွင် အချိန်အတိုင်းအတာတစ်ခုအထိ ဒေါ်လာ ၇၅ဘီလီယံရင်းနှီးမြှုပ်နှံရန် ကတိပြုထားကြောင်းသိရသည်။
Source : timesofindia
DOCA(ရန်ကုန်)