လက်လီ/ လက်ကားအရောင်းစင်တာ (Makro) အတွင်းရှိ ရေသန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မွန်မွန်အောင် (လက်ထောက်ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် Makro မှ တာဝန်ကျတာဝန်ခံနှင့်တွေ့ဆုံ၍ ၁၃-၉-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အမှတ်(၃၂၂)၊ အထက်ပုဇွန်တောင်လမ်း၊  မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ လက်လီ/ လက်ကားအရောင်းစင်တာ (Makro) အတွင်းရှိ ရေသန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ရာတွင် (Makro) အတွင်းရှိ ရေသန့်အမျိုးမျိုးအားစစ်ဆေးရာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ရေသန့်အမျိုးအစားပေါင်း (၅)မျိုးကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)