လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စားအုန်းဆီအစည်းအဝေးတက်ရောက်ခြင်း

Powered by Drupal

       (၁၂-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် စားအုန်းဆီခွဲတမ်းထပ်တိုးရရှိမှု အတွက် အစည်းအဝေးပြုလုပ်ကျင်းပခဲ့ပါသည်။

          ထိုသို့ကျင်းပခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းဇော်၊ အဖွဲ့ (၂) ဦးကျော်သူဝင်း၊ အဖွဲ့ဝင်(၃) ဦးအောင်ကျော်စိုး၊ မြို့နယ်စည်ပင်ဒု-အုပ်ချုပ်ရေးမှူး ဦးသိန်းလွင်၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်သီတာအောင်နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ဦးစီးမှူး ဒေါ်နီလာဦးတို့နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူး (၁၈ဦးတို့တက်ရောက်ခဲ့ပါသည်။ ပထမဉီးစွာ ဥက္ကဋ္ဌက စားအုန်းဆီရပ်ကွက်အလိုက် ခွဲတမ်းရရှိမှုများအား ရှင်းလင်းတင်ပြပြီး စားအုန်းဆီခွဲတမ်းပေးရန် အသစ်ရောက်ရှိလာသော နန္ဒစည်သူကုမ္ပဏီမှ လိုအပ်ချက်ရှိသော ရပ်ကွက်အသီးသီးအား အလုံးအရေအတွက်မျှတစွာခွဲဝေပေးမည်ဖြစ်ပြီး နောက်အပတ်မှစ၍ မိမိတို့နန္ဒစည်သူကုမ္ပဏီအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အိမ်ထောင်စုစာအုပ် (၁) အုပ်လျှင် (၅၀)ကျပ်သားနှုန်းဖြင့် ကိုယ်တိုင်လာရောက်ရောင်းချပေးမည်ဖြစ်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း အိမ်ထောင်စုစာရင်းများအား အမြန်ဆုံးလုပ်ဆောင်ပေးရန် ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၂:၃၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)