လှိုင်သာယာမြို့နယ်၊ ပိတောက်မြိုင်ဈေးရှိ ဆေးမျိုးစုံအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပိတောက်မြိုင်ဈေးရှိ ဈေးစည်ပင်နှင့်ပူးပေါင်း၍ ၁၃-၉-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပိတောက်မြိုင်ဈေးရှိ ဆေးမျိုးစုံအရောင်းဆိုင်သို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ရုံအမှတ်(က)၊ အခန်း(၃)၊ ပိတောက်မြိုင်ဈေး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အင်ကြင်းစိမ်းဆေးဆိုင်မှ ဆိုင်တာဝန်ခံနှင့်တွေ့ဆုံကာ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများနှင့်ပတ်သက်၍ မေးမြန်းရာတွင် ဆေးဆိုင်၌ ဆေးအမျိုးအစားပေါင်း (၂၀၀)ကျော်ရှိပြီး သွေးကျဆေး၊ ရင်ကြပ်ပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ အစာအိမ်ဆေး၊ လေဆေး၊ ဆီးချိုဆေး၊ အားဆေးများမှာ ရောင်းအားကောင်းသောဆေးများဖြစ်ပြီး ဆေးများကို ဗိုလ်ချုပ်ဈေးနှင့်မင်္ဂလာဈေးတို့မှ ဝယ်ယူရောင်းချကြောင်း၊ ဝယ်ယူသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)