မင်္ဂလာဒုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၃-၉-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မင်္ဂလာဒုံမြို့နယ်ရှိ Star Hight၊ Petro –K၊ Max (ပျဉ်းမပင်) ဆီဆိုင်များ၌ ကားတန်းစီစောင့်ဆိုင်းဝယ်ယူနေခြင်းရှိ/ မရှိ၊ ခွဲတမ်းအချိုးကျစနစ်ဖြင့် ရောင်းချနေခြင်းရှိ/ မရှိနှင့် စက်သုံးဆီများအပြည့်အဝဖြန့်ဖြူးရောင်းချပေးနိုင်ခြင်းရှိ/မရှိတို့အား စက်သုံးဆီဆိုင်မှ တာဝန်ရှိသူတို့အား အသေးစိတ်မေးမြန်းဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီ ရည်ညွှန်းဈေးတို့ကို အပတ်စဉ် သောကြာနေ့တိုင်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ပေးလျက်ရှိရာ မိမိတို့၏ဆိုင်တွင် သတ်မှတ်ဈေးနှုန်းဖြင့်သာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီသိုလှောင်ကန်များ၏ လက်ကျန်အခြေအနေနှင့် စက်သုံးဆီဝင်ရောက်နိုင်မှုအခြေအနေများနှင့် စက်သုံးဆီဆိုင်တွင် တပ်ဆင်ထားသော CCTV များမှ Control စနစ်ကောင်းမွန်ခြင်းရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)