![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၈၇_2.jpg?itok=ARm4RCY1)
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်သောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံဖြစ်သော မိုးမြေပဲနှင့် ဆောင်းမြေပဲကို နှစ်စဉ်စိုက်ပျိုးကြကြောင်းသိရသည်။
နတ်တလင်းမြို့နယ်အတွင်းရှိ ကျောက်ခွက်၊ အိုးဖိုကုန်း၊ ဘန်းမွှေးကုန်း၊ ကျောက်ဆွယ်ကျေးရွာများ၌ ပင်ထောင်အတောင့်သေးမျိုးများကိုစိုက်ပျိုးကြောင်း၊ မိုးမြေပဲသီးနှံကို မေလတွင် စတင်စိုက်ပျိုး၍ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် တူးဖော်ကြပါသည်။ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်များအနေဖြင့် မြေပဲတစ်ဧကကို (မျိုး၊ သွင်းအားစု၊ အလုပ်သမားခ၊ စိုက်ပျိုးထွန်ယက်ခ) အပါအဝင် စုစုပေါင်း ငွေကျပ် (၇၅၀၀၀၀) ကုန်ကျကြောင်း၊ ယခုနှစ် မိုးမြေပဲပေါ်ချိန်တွင် တစ်ဧကအထွက်နှုန်း (၄၀)တင်းထွက်ရှိပြီး ခူးဆွတ်ချိန် စက်တင်ဘာလ ပထမပတ်တွင် မြေပဲတောင့်တစ်တင်းဈေးနှုန်းမှာ ငွေကျပ် (၃၅၀၀၀) ပေါက်ဈေးရှိသဖြင့် တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ်(၆၅၀၀၀၀)ခန့်ရရှိကြောင်း မြေပဲစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။
DOCA(ပဲခူး)