၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် ရန်ကုန်မြို့ Mahar Phone Let Yone ကုမ္ပဏီနှင့် Global Good Pure Groupကုမ္ပဏီတို့မှ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ မြိတ်ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီပေပါ(၁၂၇) (သို့) ပိဿာ(၁၃၉၇၀)သည် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ပါသည်။
အဆိုပါစားအုန်းဆီများကို ရန်ကုန်မြို့ဆီကန်မှ ယာဉ်အမှတ် 4R-6705နှင့် ယာဉ်အမှတ် 4S-8645တို့ဖြင့် တင်ဆောင်လာခဲ့ပြီး ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့ကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)