Main menu

မြိတ်မြို့ ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီများရောက်ရှိ

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် ရန်ကုန်မြို့ Mahar Phone Let Yone ကုမ္ပဏီနှင့် Global Good Pure Groupကုမ္ပဏီတို့မှ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ မြိတ်ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီပေပါ(၁၂၇) (သို့) ပိဿာ(၁၃၉၇၀)သည် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ပါသည်။

    အဆိုပါစားအုန်းဆီများကို ရန်ကုန်မြို့ဆီကန်မှ ယာဉ်အမှတ် 4R-6705နှင့် ယာဉ်အမှတ် 4S-8645တို့ဖြင့် တင်ဆောင်လာခဲ့ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့ကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)