![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၂၀၇_3.jpg?itok=M9j5w7qA)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံသည် (၁၇-၉-၂၀၂၄)ရက်နေ့၊ နံနက် (၀၈း၀၀) နာရီအချိန်တွင် စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကိုရှင်းလင်းဆွေးနွေးခြင်းများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေး စားသုံးသူကလေးသူငယ်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်းကို ကျွန်းလှမြို့နယ်အတွင်းရှိ ကျောင်းအင်းကျေးရွာ အ.မ.က စာသင်ကျောင်းရှိ မုန့်ဈေးဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီကသတ်မှတ်ထားသည့် ဦးစားပေးဆောင်ရွက်ရမည့် ကုန်စည်(၁၀)မျိုးထဲမှ အသင့်စားမုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာစိစစ်ဖော်ပြထားခြင်းရှိ/မရှိ၊ သက်တမ်းလွန်ကုန်ပစ္စည်းများရောင်းချခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည့်အပြင် မိမိတို့ စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဋ္ဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည့် စားသောက်ကုန်များကိုသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများကိုမရောင်းချရန် စစ်ဆေးပြောကြားခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၁၉)ကုန်အညွှန်းအမှတ်အသားအသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(စစ်ကိုင်း)