လူအများသောက်သုံးသည့် သောက်ရေသန့်အမျိုးမျိုးတို့အား သောက်သုံးသည့် လူများဘေးအန္တရာယ်မရှိစေရန် (၁၁-၉-၂၀၂၄) ရက်နေ့၌ ဗဟန်းမြို့နယ် One Stop Mart နှင့် မရမ်းကုန်းမြို့နယ် g & g ဆိုင်များသို့သွားရောက်၍ Designer၊ OK Taxi၊ DASANI၊ Max၊ ALPINE၊ စံပါဦး၊ g & g သောက်ရေသန့်အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည်ကိုစစ်ဆေးတွေ့ရှိရပြီး ရောင်းချသောဆိုင်မှ ဝန်ထမ်းများအား စားသုံးသူသတင်းအချက်အလက်များ အပြည့်အဝပေးပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များအား အနောက်ပိုင်းခရိုင်ဝန်ထမ်းများက အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)