![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၂၁၁_1.jpg?itok=ueHXobo2)
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော သောက်ရေသန့်များရောင်းချနေမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို စက်တင်ဘာလ ၁၁ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် သက်ဆိုင်ရာဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်သာယာဈေးတာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ တွံတေးမြို့၊ ဗိုလ်ချုပ်လမ်း၊ အုန်းပင်စုရပ်ကွက်ရှိ သောက်ရေသန့်အမျိုးမျိုးရောင်းချလျက်ရှိသော ကုန်စုံဆိုင်၊ စတိုးဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံကာ သောက်ရေသန့်များအား ဝယ်ယူဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုရှိသော၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိသော အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ခွင့်ပြုချက်ပါရှိသော သောက်ရေသန့်အမျိုးမျိုးကိုသာဝယ်ယူဖြန့်ဖြူးရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော သောက်ရေသန့်များအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ပါရန် ကုန်စုံဆိုင်၊ စတိုးဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်အတွင်းရှိ သောက်ရေသန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)