“ ဒလမြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသော သောက်ရေသန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော သောက်ရေသန့်များရောင်းချနေမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား စက်တင်ဘာလ ၁၀ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် သက်ဆိုင်ရာပူးပေါင်းဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ဒလမြို့၊ စွယ်တော်လမ်း၊ ခရေလမ်း စသည့် ကမာကဆစ်ရပ်ကွက်အတွင်း၌ သောက်ရေသန့်အမျိုးမျိုးရောင်းချနေသော ကုန်စုံဆိုင်၊ စတိုးဆိုင်များမှ ပိုင်ရှင်များနှင့်တွေ့ဆုံကာ သောက်ရေသန့်အမျိုးမျိုးအား ဝယ်ယူရောင်းချ ဖြန့်ဖြူးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီးတွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အချက်များပြည့်စုံသော၊ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိသော၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်ပါရှိသော သောက်ရေသန့်အမျိုးမျိုးကိုသာ ဝယ်ယူရောင်းချဖြန့်ဖြူးပါရန် ကုန်စုံဆိုင်၊ စတိုးဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်အတွင်းရှိ သောက်ရေသန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)