“ တွံတေးမြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသော သောက်ရေသန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော သောက်ရေသန့်များရောင်းချနေမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား စက်တင်ဘာလ ၁၂ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် သက်ဆိုင်ရာဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်သာယာဈေးတာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ တွံတေးမြို့၊ ဗိုလ်ချုပ်လမ်း၊ ဈေးသစ်ရပ်ကွက်ရှိ သောက်ရေသန့်အမျိုးမျိုးရောင်းချလျက်ရှိသော ကုန်စုံဆိုင်၊ စတိုးဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံကာ သောက်ရေသန့်များအား ဝယ်ယူဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုရှိသော၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိသော၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်ပါရှိသော သောက်ရေသန့်အမျိုးမျိုးကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော သောက်ရေသန့်များအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ရန် ကုန်စုံဆိုင်၊ စတိုးဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်အတွင်းရှိ သောက်ရေသန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)