စားအုန်းဆီထုတ်ယူခြင်း၊ ခွဲဝေချထားခြင်းဆိုင်ရာ ကိစ္စများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံ ဒု-ခရိုင်ဦးစီးမှုး ဦးလှထွဋ်ဦးနှင့်ဝန်ထမ်းများသည် (၁၆-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်   တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ Managing Director ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးများ၊ မြို့နယ်တာဝန်ခံများပူးပေါင်း၍ Zoom Metting ဖြင့်လုပ်ဆောင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့  Online  Virtual  စနစ်ဖြင့်တက်ရောက်ခဲ့ပါသည်။

        အဆိုပါ အစည်းအဝေးတွင် စားသုံးဆီခွဲဝေဖြန့်ဖြူးရေးနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်နှင့်အခြားခရိုင်များသို့ နေ့စဉ်ဆီထုတ်ဖြန့်ဖြူးခြင်း၊ နေ့စဉ်ပို့နိုင်ရန်အတွက် အထူးကုန်စည်အဖြစ်သတ်မှတ်၍   တင်ပို့မည့်ကားများတွင်လည်း  CCTV နှင့် GPS များတပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ပုသိမ် ခရိုင်သို့ စားအုန်းဆီတင်ပို့ရာတွင် တွဲကားဖြင့်လည်းကောင်း၊ မြောင်းမြခရိုင်သို့တင်ပို့ရာတွင် (၆)ဘီးကားဖြင့်လည်းကောင်း၊ ဟင်္သာတခရိုင်သို့တင်ပို့ရာတွင် (၁၂)ဘီးကားဖြင့်လည်းကောင်း ခရိုင်အသီးသီးသို့ အဆင်ပြေချောမွေ့စွာရောက်ရှိနိုင်ရေးအတွက် သွားလာနိုင်သောလမ်းခရီးများကိုလည်းတင်ပြ၍  ဆွေးနွေး ညှိနှိုင်းပြီး ဆီပေပါအမျိုးအစားကိုလည်း ဈေးကွက်အတွင်း စည်းပိတ်၍ရသော ပေပါအဝါ Original တစ်မျိုးတည်းကိုသာအသုံးပြုရန်လိုအပ်ကြောင်း၊ ကုမ္ပဏီဘက်မှလည်း ပေပါ(၂)ဆကို ကျခံပေးမည်ဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းဦးစီးမှူးသည် ခရိုင်ဦးစီးမှူးများအား ဆီကားချရန်အတွက် လိုအပ်သော လိပ်စာ၊ ဖုန်းနံပါတ်များကို တိကျမှန်ကန်စွာပေးနိုင်ရေး၊ ခရိုင်မှူးများကလည်း မိမိတို့သက်ဆိုင်ရာမြို့နယ်များသို့ စနစ်တကျဖြန့်ဖြူးခွဲဝေပေးနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ အစည်းအဝေးအား နေ့လယ် (၁၂:၀၀)နာရီခန့်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)