ပဲခူးခရိုင်၊ ဘုရားကြီးမြို့တွင်တည်ရှိသောဦးဉာဏ်ထွန်း လုပ်ငန်းလုပ်ကိုင်နေသည့် စပါးအခြောက်ခံစက်လုပ်ငန်းအား မြေပြင်ကွင်းဆင်းတွေ့ဆုံလေ့လာခဲ့ရာတွင် ယခင်ကဦးဉာဏ်ထွန်းမှာ ဟာလာဆန်စက်များ ကြိတ်ခွဲထုတ်လုပ်နိုင်ရန် တပ်ဆင်ပေးသော လုပ်ငန်းလုပ်ကိုင်သည့် စက်ဆရာတစ်ဦးဖြစ်ပြီး သူ၏ကြိုးစားအားထုတ်မှု၊ လုပ်ငန်းကိုရိုးသားစွာလုပ်ကိုင်ဆောင်ရွက်ခဲ့သဖြင့် ယခုလုပ်ငန်း အား၂၀၁၅ခုနှစ်ခန့်တွင်စ၍လုပ်ကိုင်ခဲ့ပြီး နေရာထိုင်ခင်းအပါအဝင် မတည်ရင်းနှီးငွေကျပ်သိန်း၅၀၀ဖြင့် စတင်လုပ်ကိုင်ခဲ့ပြီး တဖြည်းဖြည်းလုပ်ငန်းတိုးချဲ့လုပ်ကိုင်ခဲ့ကြောင်း၊ ယခုအခါတွင် လုပ်ငန်း လုပ်ကိုင်သည့်အဆောက်အဦ၊ စက်ပစ္စည်းများရင်းနှီးမြှုပ်နှံမှုတန်ဘိုးငွေအနေဖြင့် ကျပ်သိန်း၃၀၀၀ခန့် ရှိပါကြောင်း၊ ကုန်ပစ္စည်းထုတ်လုပ်မှုအနေဖြင့် မှာယူလိုသည့်ပစ္စည်းများကို မိမိ၏ကိုယ်ပိုင်အလုပ်ရုံတွင်သာ လုပ်ကိုင်ပြီး လုပ်ငန်းပြီးစီးမှသာမှာယူသောနေရာသို့ သွားရောက်တပ်ဆင်ပေးပါကြောင်း ထုတ်လုပ်မှုအနေဖြင့် ၁၅တန်(စပါးတင်း၆၅၀)အခြောက်ခံနိုင်သောစက်ပစ္စည်းတစ်မျိုးတည်းသာ ထုတ်လုပ်ပြီး အသုံးပြုသောကုန်ကြမ်းသံပြားကို ပြည်တွင်းရန်ကုန်မြို့ တောင်ဒဂုံစက်မှုဇုံမှ ဝယ်ယူရရှိပါကြောင်း၊ ယခုအခါတွင်လုပ်သားအခက်အခဲအနည်းငယ်ရှိပြီး လက်ရှိလုပ်သား (၁၀)ဦးခန့်ရှိကြောင်း လုပ်အားခအနေဖြင့်တစ်ရက် ထမင်းနှစ်နပ်ကျွေး ၉၀၀၀ကျပ်နှင့် ၁၀၀၀၀ကျပ်ခန့်ပေးရပါကြောင်း တစ်လလျှင် အခြောက်ခံစက်(၄)ခုပြီးစီးထုတ်လုပ်နိုင်ပြီး ကုန်ကျငွေမှာ တစ်ခုလျှင် ကျပ်သိန်း(၂၈၀)ခန့် ကုန်ကျပြီး စက်တစ်ခုလျှင်ကျပ်သိန်း(၃၂၀)ဖြင့် ပြန်လည်တပ်ဆင်ပေးပါသဖြင့် တစ်ခုလျှင် ကျပ်သိန်း (၄၀)ခန့် အကျိုးအမြတ်ရရှိနိုင်ပါကြောင်းနှင့် ယခုလုပ်ငန်းကဲ့သို့ MSMEလုပ်ငန်းများ ဖွံဖြိုးတိုးတက်လုပ်ဆောင်နိုင်ရေးအတွက် ဆက်လက်လေ့လာ၍ အားပေးဆောင်ရွက်သင့်ပါကြောင်း လေ့လာတွေ့ရမှုအား တင်ပြအပ်ပါသည်။
DOCA(ပဲခူး)