၂၀၂၅ခုနှစ် မေလ ဒုတိယပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက် နှင့် စီးဆင်းမှုအခြေအနေ

Powered by Drupal

     ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် (၁၄၉၀-၁၅၀၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ဧရာဝတီဒေသဘက်မှလည်း ပြောင်းဆံထွက်ရှိနေသော ကြောင့် စီးဆင်းမှုမှာ အတန်အသင့် လျော့နည်းခဲ့ပါသည်။

    ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၅၅၀၀ကျပ်၊ ထူး ၂-၆၅၀၀ကျပ်၊ ထူး ၃-၇၅၀၀ ကျပ်၊ ထူး ၄-၈၅၀၀ကျပ်၊ ထူး ၅-၈၈၀၀ကျပ်၊ ထူးလွန်-၉၀၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၅၀၀၀ကျပ် ဈေးရှိနေကြပြီး ဈေးကွက်ဝယ်လိုအားကောင်းသဖြင့် ဈေးကောင်းရနေပြီး စီးဆင်းမှုမှာ ကောင်းနေပါ သည်။

     ချင်းသီးနှံမှာ ချင်းအခက်ကြီးတစ်ပိဿာလျှင်(၃၅၀၀)ကျပ် နှင့် အခက်အလတ်မှာ(၂၈၀၀- ၃၀၀၀)ကျပ်ဖြင့် ပြည်တွင်းဈေးကွက်သုံးသာ စီးဆင်းနေပါသည်။

      အာလူးသီးနှံမှာ တစ်ပိဿာလျှင်မားကစ် S2/S1-၆၀၀၀ကျပ်၊ မျက်နီ- ၅၅၀၀ကျပ်၊ OK-၅၀၀၀ ကျပ်၊ A1-၄၅၀၀ကျပ်၊ ဆွဲသီး-၃၅၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၅၀၀ကျပ် ဈေးရှိနေကြပြီး အရည်အသွေး ကောင်းသဖြင့် ဝယ်လိုအားများကာ စီးဆင်းမှုမှာ များနေပါသည်။

 ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ(၈၀၀-၁၂၀၀)ကျပ်၊ ပန်းမုံလာ(၁၀၀၀-၁၅၀၀)ကျပ်၊ ရွှေပဲ(၆၀၀၀-၇၀၀၀)ကျပ်၊ မုန်ညှင်း(၁၀၀၀-၁၂၀၀)ကျပ်၊ ဖရုံသီး(၁၃၀၀-၁၅၀၀)ကျပ်၊ ခရမ်းသီး(၂၀၀၀-၂၅၀၀)ကျပ်၊ ခရမ်းချဉ်သီး(၁၂၀၀-၁၇၀၀)ကျပ်၊ ငရုတ်ပွ(၃၅၀၀-၄၀၀၀)ကျပ်၊ မုန်လာဥနီ(၁၈၀၀-၂၀၀၀)ကျပ်နှင့်  ဘိုစား(၂၅၀၀-၃၀၀၀)ကျပ် အသီးသီးဈေးရှိနေကြပြီး ကုန်စိမ်းသီးနှံများမှာ ဈေးကောင်းရနေပြီး အဆွဲကောင်းသဖြင့် စီးဆင်းမှုမှာ ပိုလာပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)