လွိုင်ကော်မြို့၌ မတ်လအတွင်း ကုန်စည် စီးဝင်/စီးထွက် ပုံမှန်လည်ပတ်လျက်ရှိ

Powered by Drupal

            ၂၀၂၂ ခုနှစ် မတ်လအတွင်း ကယားပြည်နယ်သို့ အခြားဒေသများမှ ကုန်စည်များဝင်ရောက်ပြီး ပုံမှန်လည် ပတ်ရောင်းဝယ်လျက်ရှိနေပြီး၊ အခြားမြို့များမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုမှာ( ၃၃၁၈)အိတ်၊ ကုန်မျိုးစုံတင်သွင်းမှုမှာ ကားအစီးရေ ( ၅၈ )စီး ၊ အချိုရည်(၁၄၀၀)ဂျပ်ဖာနှင့်(၈၂၅၀)ကဒ်၊ကြက်ဥ (၁၇၀)ဖာ နှင့်(၁၉၀)ကဒ် ဝင်ရောက်လျက်ရှိကြောင်း၊ ပြည်နယ်တွင်းမှအခြားမြို့များသို့ ကုန်စည်များ တင်ပို့မှုများမှာ လွိုင်ကော်မြို့မှ ကျောက်ပန်းတောင်းမြို့၊ မိတ္ထီလာ၊ သာစည်၊ ဆိုက်ခေါင် စသောမြို့များသို့ မန်ကျည်းတန်ချိန် (၇၆၅၀)တန် ၊ ငှက်ပျောကား(၂) စီး (၁၀၀၀ဖီး) ၊ နှင့် မန္တလေးမြို့သို့ ဒေသထွက် ဆန်တင်ပို့မှု (၃၁၂၅)အိတ်၊ (၁၅၆)တန်၊ ပြောင်း (၁၆၂၇၇) အိတ်၊ (၉၇၉)တန်၊ ပဲစင်းငုံ(၁၆၄၇)အိတ်၊ (၈၀) တန် တင်ပို့ကုန်သွယ်မှုဆောင်ရွက်နိုင်မှုရှိခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ကယား)