ကျွန်းလှမြို့နယ်တွင် ဆေးလိပ်အမျိုးမျိုးနှင့် ကွမ်းစားဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့စခန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့ပေါ်ရပ်ကွက်များရှိ  ကုန်စုံဆိုင်များတွင် ရောင်းချနေသည့် ဆေးလိပ်အမျိုးမျိုးနှင့် ကွမ်းစားဆေးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ကျွန်းလှမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် ကွမ်းစားဆေးအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားအသေးစိတ်စိစစ်ချက်များအတိုင်းဖော်ပြထားသည့် ကုန်စည်များကိုရောင်းချသွားရန်၊ မိမိဒေသထွက် ကွမ်းစားဆေးပို့ဆောင်ရောင်းချသူများရှိလျှင် ဖုန်းနံပါတ်များယူဆောင်လာပြီး ကုန်အညွှန်းအမှတ်အသားလျှောက်ထားပေးရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆေးလိပ်အမျိုးမျိုးတွင် သက်ဆိုင်ရာဌာနများ၏ စံသတ်မှတ်ချက်များနှင့်အညီထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ညွှန်ကြားချက်များနှင့်ပြည့်စုံသော ကုန်စည်များကိုသာဖြန့်ဖြူးရောင်းချသွားရန် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် အသေးစိတ်စိစစ်ချက်များပါရှိသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ သိကောင်းစရာလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)