ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရပ်ကွက်များရှိ ဓာတ်မြေဩဇာဆိုင်များသို့ မြို့နယ်အဆင့်ယူရီယားမြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီအဖွဲ့သည် စက်တင်ဘာလ ၁၈ရက်နေ့၊ နံနက် ၁၀:၁၅ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အဆင့်ယူရီးယားမြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီအဖွဲ့ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့သည် နိုင်ထူးခန့်ဓာတ်မြေဩဇာအရောင်းဆိုင်၊ ဦးအင်းရွှေနှင့် ညီမဒေါ်အေးကြည်ဓာတ်မြေဩဇာဆိုင်၊ ရွှေညာမြေဓာတ်မြေဩဇာဆိုင်နှင့် ရောင်ခြည်ဦးဓာတ်မြေဩဇာအရောင်းဆိုင်များသို့သွားရောက်၍ ဓာတ်မြေဩဇာဝယ်ယူရရှိမှုအခြေအနေ၊ ရောင်းချရမှုအခြေအနေနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် ဓာတ်မြေဩဇာများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)