ပင်လုံဈေးအတွင်း စားသုံးဆီ(ဘူးသွင်း)ဆီအမျိုးမျိုးရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ၂၀၂၄ခုနှစ်၊ စက်တင်လ ၁၉ရက်နေ့တွင်  ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂) ဦးသည် မြောက်ဒဂုံမြို့နယ်၊ ပင်လုံဈေးအတွင်း စားသုံးဆီအမျိုးမျိုး(ဘူးသွင်းဆီ) ရောင်းချသည့်ဆိုင် (၁၁) ဆိုင်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်  သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်းရောင်းချနေသည့် ဘူးသွင်းစားသုံးဆီများကိုစစ်ဆေးရာတွင် အမေထွားပဲဆီသန့်၊ ရန်ကုန်ပဲဆီသန့်၊ မေဇင်(ဟင်းသီးဟင်းရွက်ဆီ)၊ Goody ပဲပိစပ်ဆီ၊ ပုဇွန်နှစ်ကောင်ဆီအပါအဝင် အခြားဆီဘူးများတို့တွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီဖော်ပြထားသည်ကို စိစစ်တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်တင်သွင်းလာသော စားသုံးဆီများကိုရောင်းချခြင်းမပြုလုပ်ရန်ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)