တောင်ဒဂုံမြို့နယ်အတွင်းရှိ မင်းမင်းထွန်းဆေးဆိုင်အား ကွင်းဆင်းအသိပညာပေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၉-၉-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်၊ အမှတ်(၁၁၈)၊ စည်ပင်လမ်း(၁၉)ရပ်ကွက်ရှိ သင့်မြတ်ဆေးဆိုင်အား ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

        ထိုသို့ဆောင်ရွက်ရာ၌ သင့်မြတ်ဆေးဆိုင်အတွင်းရှိ နိုင်ငံခြားဆေးနှင့် အိမ်သုံးဆေး (မြန်မာဆေးအမျိုးမျိုး) တို့တွင် ကုန်အညွှန်းအမှတ်အသားပြဋ္ဌာန်းခြင်းဆိုင်ရာ ဖော်ပြရမည့်အချက်များပါဝင်ခြင်းရှိ/မရှိနှင့် ဆေးဝါးများပြတ်လပ်ခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခြင်း၊ စပ်ဆေးများရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)