စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှုးရုံးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိတို့၏ အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။
ထိုသို့တင်ပြမှုများကို ဆောင်ရွက်လျက်ရှိရာ (၂၀-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဒဂုံမြို့သစ်ခရိုင်အတွင်း တာဝန်ကျဝန်ထမ်းများက တောင်ဒဂုံမြို့နယ်ရှိ PT Power (မြယမုံ) စက်သုံးဆီဆိုင်၊ PT Power (ရွာသာကြီး) စက်သုံးဆီဆိုင်များသို့သွားရောက်ကွင်းဆင်း၍ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံပြီး PPRD မှထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ်သည့်အချိန်၊ ဆီဈေးနှုန်းတင်ထားသည့် LED Board များကိုပါစစ်ဆေးခဲ့ပြီး၊ တရားမဝင်စက်သုံးဆီများကိုရောင်းချခြင်းမပြုရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)