ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (၉) ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲအား စက်တင်ဘာလ (၁၂) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူများဘေးအန္တရယ်ကင်းရှင်းစေရေးတို့အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များမှ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး Online မှတစ်ဆင့် ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူ များအနေဖြင့် စိစစ်သင့်သည့်အချက်အလက်များအကြောင်း၊ ထို့နောက် တရားဝင်မှတ်ပုံတင်ထားသည့် Online ရောင်းချမှုလုပ်ငန်းများမှ ပစ္စည်းအမျိုးမျိုးဝယ်ယူခြင်းကြောင့် ရရှိလာမည့်အကျိုးရလဒ်များ၊ အားသာချက်များအကြောင်း၊ တိုင်ကြားမှုနည်းလမ်းနှင့် ဖြေရှင်းဆောင်ရွက်နိုင်သည့် နည်းလမ်းများအကြောင်းအရာများအား အသေးစိတ်ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)