ကုန်စုံဆိုင်များရှိ မုန့်မျိုးစုံအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ  ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၇-၉-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ထင်းတန်းလမ်းပေါ်ရှိ မုန့်မျိုးစုံရောင်းချသည့်ကုန်စုံဆိုင်များသို  ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး ဘေးန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍  စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့စစ်ဆေးရာတွင် ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ မုန့်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)