မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် စားသုံးသူများ စားသုံးသူအခွင့်အရေးများသိရှိပြီး ရယူတတ်စေရေးနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ အစားအစာရွေးချယ်သုံးစွဲတတ်စေရန်ရည်ရွယ်၍ (၁၈-၉-၂၀၂၄) ရက်နေ့၊ နံနက်(ဝ၉:၀၀)နာရီအချိန်၌ ဆိပ်ဖြူမြို့၊ တောင်ငယ်လုံးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောဆွေးနွေးပွဲတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံက ဌာနဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံ၊ စားသုံးသူအခွင့်အရေး (၈)ချက်၊ တာဝန်(၄)ရပ်၊ ကုန်အညွှန်းအမှတ်အသား(၈)ချက်နှင့် စားသုံးသူများ နေ့စဉ်အသုံးပြုသည့် ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက ပြောရေး၊ ဆိုခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့်ရရှိနိုင်သည့်အကြောင်းအရာများနှင့် တိုင်ကြားနိုင်သည့်နေရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)