ပန်းတနော်ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် (၂၀-၉-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်ရှိ စောမြဖောဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မိုးစပါးစိုက်ပျိုးထွက်ရှိမှုအခြေအနေနှင့် ရေကြီးနှစ်မြုပ်မှုအခြေအနေ၊ စပါးလက်ကျန်သိုလှောင်မှု၊ စပါးဝယ်ယူကြိတ်ခွဲမှု အခြေအနေများကို စက်ပိုင်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆန်စက်လုပ်ငန်းရှင်က စပါးဈေးနှုန်းကို ပေါက်ဈေးဖြင့် ဝယ်ယူချင်တွယ်ရရှိပြီး ပြန်လည်ရောင်းချသောအခါ MRF မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သတ်မှတ်ထုတ်ပြန်သောဈေးနှုန်းဖြင့် ရောင်းချပေးရန်ကိုလည်းကောင်း၊   ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားပါဝင်မှသာ ဈေးကွက်အတွင်း ရောင်းချနိုင်မှုရှိစေရေးနှင့် ဆန်စပါးထွက်ရှိမှု၊ ကြိတ်ခွဲနိုင်မှုနှင့် ဆန်စပါးဈေးကွက်အခြေအနေများကို အပြန်အလှန်ဆွေးနွေးပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကို အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)