အ.ထ.က ၁ ဓနုဖြူကျောင်းတွင် စားသုံးသူကာကွယ်ပေး‌ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့်အတူ ဓနုဖြုမြို့နယ်၊ ၉ရပ်ကွက်ရှိ (အ.ထ.က-၁)ကျောင်းတွင် ကျောင်းသား/သူ၊ ဆရာ/ ဆရာမ(၂၈၀)ဦးအား (၁၉-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင်  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုပြုလုပ်ခဲ့ကြပါသည်။

          အဆိုပါ ဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးဝင်းမင်းစိုး၊ ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းစဉ်များအ‌ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အမိန့်ထုတ်ပြန်ချက်အကြောင်းကိုလည်းကောင်း၊ အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများသုံးစွဲရာတွင် သတိပြုလိုက်နာသင့်သည့်အချက်များကိုလည်းကောင်း၊ Online Shopping သုံးစွဲသူများအနေဖြင့် သတိထားဝယ်ယူအသုံးပြုရန်အချက်များကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုရှိလာပါက Call Center (1535) သို့ သတင်းပေး၊ မေးမြန်း၊ တိုင်ကြားနိုင်ကြောင်းနှင့် ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်သူ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)