အ.ထ.က ၃ မအူပင်ကျောင်းတွင် စားသုံးသူကာကွယ်ပေး‌ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့်အတူ မအူပင်မြို့နယ်၊ ၅ရပ်ကွက်ရှိ (အ.ထ.က-၃)ကျောင်းတွင် ကျောင်းသား/ သူ၊ ဆရာ/ ဆရာမ (၁၃၀)ဦးအား (၂၀-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်၌  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုပြုလုပ်ခဲ့ကြသည်။

      အဆိုပါဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်ဇော်ဦး၊ ဦးစီးအရာရှိက အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ် အခြေအနေတို့ကိုလည်းကောင်း၊  စားသုံးသူအဓိပ္ပါယ်နှင့် ထိခိုက်လွယ်သော စားသုံးသူအကြောင်းကိုလည်းကောင်း၊  ရေရှည်တည်တံ့သော စားသုံးမှုနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ကုန်အညွှန်းအမှတ်အသားစစ်ဆေးဆောင်ရွက်ရာတွင် လိုအပ်သောအချက်အလက်များအကြောင်းကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားကို စားသုံးသူဘက်မှ လိုအပ်ချက်နှင့်အညီရွေးချယ်တတ်စေရန်၊ ဘေးအန္တရာယ်ကင်းရှင်းရေး အာမခံချက်နှင့်ညီသောထုတ်ကုန်ကို ရွေးချယ်အသုံးပြုလာကြပြီး စားသုံးသူအခွင့်အရေးထိခိုက်နစ်နာမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်သူ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဖြေကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)