စားသုံးသူများ ဘေးအန္တရာယ်ကင်းဝေးရေး Mobile Lab Van ဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းသည် (၂၀-၉-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် မကွေးမြို့၊ ဆည်မြောင်းစျေး၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်းပြီး စျေးကွက်အတွင်းရှိ စားသောက်ကုန်များအား နမူနာဝယ်ယူ၍ Mobile Lab Van စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ချက်ချင်းစစ်ဆေးခဲ့သော လက်ဖက်၊ မုန့်ဖက်၊ သရက်ချဉ်၊ ဇီးဖြူသီးထောင်း၊ ကြက်သွန်ချဉ်နှင့် မျှစ်အဝါတို့၌ ခွင့်မပြုတာရှည်ခံဆေးနှင့် ချွတ်ဆေးများသုံးစွဲထားခြင်းမရှိကြောင်းကိုစစ်ဆေးတွေ့ရှိရပြီး ကျန်ရှိသော ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ ပဲခွက်၊ ငါးပိထောင်း၊ ဝက်အူချောင်းနှင့် ပဲသွေးတို့အား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနပိုင် ဓာတ်ခွဲခန်းသို့ ယူဆောင်စစ်ဆေးပြီး ခွင့်မပြုတာရှည်ခံဆေးနှင့် ခွင့်မပြုချွတ်ဆေးများသုံးစွဲထားကြောင်းကိုတွေ့ရှိပါက ကုန်စည်ပိုင်ရှင်များအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)