“ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးရှိ ဆန်ဆိုင်များသို့ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆန်ဆိုင်များသို့ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား စက်တင်ဘာလ (၂၁)ရက် နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

       ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်း များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာ မြို့မဈေး ရုံ(ဈ) အမှတ်(၁၉/၂၀)ရှိ မိဘရိတ်ဆန်ဆိုင်၊ ကုန်ပဒေသာဆိုင်အမှတ်(၁)ရှိ ဦးမြင့်ထူးဆန်ဆိုင်၊ ရုံ(C) အမှတ်(၃/၄) ဒေါ်မူဆန်ဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်အမျိုးအစားအလိုက် သတ်မှတ် ရည်ညွှန်းဈေးများအား လအလိုက် ထုတ်ပြန်ပေးလျက်ရှိရာ ဆန်ဈေးနှုန်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်းများမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး ဆန်အမျိုးအစားအလိုက် အနိမ့်စ၊ အလတ်စ၊ အမြင့်စ ဈေးနှုန်းများအား‌မေးမြန်းစုံစမ်းခဲ့ရာတွင် ကော့မှူးမြို့နယ်ဈေးကွက်အတွင်း၌ ဆန်ဈေးနှုန်းများ ထူးခြားစွာဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိဘဲ ပုံမှန်ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးမှုအရသိရှိရပါသည်။

DOCA(ရန်ကုန်)