“ ကော့မှူးမြို့နယ်ရှိ စားအုန်းဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ စားအုန်းဆီဆိုင်များ၏ စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား စက်တင်ဘာလ(၂၀)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားအုန်းဆီနှင့် စားအုန်းဆီအမျိုးမျိုးတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်ခြောက်ဆိုင်များသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြိုမဈေးအတွင်း/အပြင်ရှိ တို့ချဲ့အမှတ်(၅)မှ ဒေါ်သန်းသန်းခိုင်၊ ရုံ(F)အမှတ်(၁/၂) ဒေါ်ချိုချိုမြင့်၊ ရုံ(ဈ) အမှတ်(၁၄/၁၅/၁၆) ဒေါ်ချောစုလှိုင်၊ အရှေ့ဘက်ဆိုင်အမှတ်(၂၁/၂၂) ဒေါ်ရီရီဝင်းစားအုန်းဆီနှင့် စားသုံးဆီအမျိုးမျိုးတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်ခြောက်ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကော့မှူးမြို့နယ်၊ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာ စားအုန်းဆီများကို အခက်အခဲမရှိဘဲ ဝယ်ယူစားသုံးနိုင်ရေးအတွက် အခြေခံလက်ကားရည်ညွှန်းဈေးအား အပတ်စဉ် တနင်္လာနေ့တိုင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ထုတ်ပြန်လျက်ရှိရာ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်ချက်များမပြုလုပ်ကြရန်နှင့် မိမိတို့စီးပွားရေးလုပ်ငန်းရှင်များ၏ မသမာသည့်လုပ်ဆောင်မှုများပြုလုပ်နေခြင်းများကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)