စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၃-၉-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ ထက်ဧကရီနှင့် Moon Sun စက်သုံးဆီဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေပြည်သာမြို့နယ်ရှိ ထက်ဧကရီနှင့် Moon Sun စက်သုံးဆီဆိုင်များသို့ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံပြီး ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချကြရန်၊ အချင်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချရန်၊ LED ဘုတ်တွင် ကြေညာထားသည့် ဈေးနှုန်းများအတိုင်းရောင်းချကြရန်၊ ဆီသိုလှောင်ကန်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ စက်သုံးဆီဆိုင်တွင် တပ်ဆင်ထားသော CCTV များမှ Control စနစ်ကောင်းမွန်ခြင်းရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)