ရွှေဘိုခရိုင် (၉/၂၀၂၄)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်မှုအခြေအနေ

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း (၅)  ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

     ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၄ခုနှစ် စက်တင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံခြင်း (၅) ကြိမ်ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၃-၉-၂၀၂၄)ရက်နေ့တွင်  ရွှေဘိုမြို့၊ အမှတ်(၁၀) ရပ်ကွက် စက်မှုဇုန်ရှိ စက်သုံးဆီဆိုင် (၂)ဆိုင်၊ (၁၇.၉.၂၀၂၄)ရက်နေ့တွင် အမှတ်(၄) ရပ်ကွက်ရှိ မုန့်မျိးစုံ (၁)ဆိုင်နှင့် စားသောက်ဆိုင် (၂)ဆိုင်ရှင်တို့နှင့်တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ၊  အမိန့်၊  ညွှန်ကြားချက်များနှင့်  ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)