စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စက်တင်ဘာလ (၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူအခွင့်အရေးနှင့်တာဝန်များသိရှိစေရန်နှင့် စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ဆရာမအပါအဝင် ကျောင်သား/ ကျောင်းသူ စုစုပေါင်း (၁၈၂) ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးတင်ဌေး၊ ရုံးအုပ်က စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများနှင့်ပတ်သက်၍ ကျောင်းသား/ ကျောင်းသူများသိသင့်သိထိုက်သောဗဟုသုတများ၊ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူများလိုက်နာ ရမည့်တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် ကုန်အညွှန်း အမှတ်အသားပါ အချက်အလက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများပေါ်ပေါက်လာပါက တိုင်တန်းနိုင်ကြောင်း စသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကိုရှင်းလင်းပြောကြားပြီး ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)