
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စက်တင်ဘာလ (၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စစ်ဆေးရေးအရာရှိ ဦးခင်မောင်သန်းဦးဆောင်သော စားသုံးသူရေးရာဝန်ထမ်းများသည် တောင်ကြီးမြို့၊ အမှတ်(၁၁) အခြေခံပညာအထက်တန်း ကျောင်းမုန့်ဈေးတန်းများအားသွားရောက်စစ်ဆေးခဲ့ပါသည်။
အဆိုပါဆိုင်ပိုင်ရှင်များအား စားသုံးသူရေးရာဥပဒေပါ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ မြန်မာစာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဘေးအန္တရာယ်ကင်းရှင်းသော မုန့်များကိုသာရောင်းချရန် တိုက်တွန်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)