၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့၊ နံနက်(၀၉ꓽ၃၀)နာရီအချိန်၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ အမှတ်(၃) အခြေခံအထက်တန်းကျောင်းအတွင်းရှိ မုန့်အရောင်းဆိုင်များသို့သွားရောက်၍ ၎င်းတို့ရောင်းချနေသော စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကျောင်းမုန့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးရောင်းချသူများအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မိမိတို့ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်စည်နှင့် သန့်ရှင်းလတ်ဆတ်သည့်ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)