လက်ပံတန်းမြို့ချင်းနှင့် ကြက်သွန်ဖြူ ဈေးကွက်အခြေအနေ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ စည်ပင်သာယာဈေးတွင်းရှိသော ချင်းဈေးနှုန်းများမှာ ယခင်ဩဂုတ်လတတိယအပတ်တွင် ချင်း (၁၀)ကျပ်သားလျှင် (၁၀၀၀) ကျပ်ရှိခဲ့ပြီး ယခင်ဇူလိုင်လနောက်ဆုံးပတ်တွင်လည်း (၁၀၀၀)ကျပ် ရှိနေပါသည်။ ယခုစက်တင်ဘာလတတိယ အပတ်တွင်လည်း ချင်းဈေးနှုန်းမှာ (၈၀၀)ကျပ်မှ  (၁၀၀၀)ကျပ်ထိဖြစ်နေပါသည်။

    ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ယခင်ဩဂုတ်လနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ယခုစက်တင်ဘာလတတိယပတ်တွင်လည်း ဈေးနှုန်းအပြောင်းအလဲမရှိ ဈေးငြိမ်နေပါသည်။

   ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့် ယခင်ဩဂုတ်လနောက်ဆုံးပတ်တွင် (၁၀) ကျပ်သားလျှင် (၁၃၀၀) ကျပ်ပေါက်ဈေးရှိနေပြီး ယခုစက်တင်ဘာလတတိယပတ်တွင် ကြက်သွန်ဖြူ(ရှမ်းစ) ၁၀ကျပ်သားလျှင်(၁၅၀၀)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ကြက်သွန်ဖြူဥတစ်လုံး ဈေးကွက်လည်းရှိနေပြီး တစ်ဆယ်ကျပ်သားလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေ ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)