အုတ်ဖိုမြို့နယ်၌ကောက်စောစပါးများရိတ်သိမ်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅၄ အုပ်စုရှိပြီး အများအားဖြင့် လယ်ယာစိုက်ပျိုးရေးဖြင့် အဓိကအသက်မွေးဝမ်းကျောင်းလုပ်ကိုင်ကြပါသည်။ မြို့နယ်အတွင်းလယ်ယာစိုက်ပျိုးသော ဧကမှာ ၉၃၁၅၅ ဧကရှိပြီး စပါးကိုအဓိကစိုက်ပျိုးကြပြီး ယခုစက်တင်ဘာလဆန်းပိုင်းတွင် ကောက်စောစပါးများ စတင်ရိတ်သိမ်းလျက်ရှိရာ လယ်ယာလုပ်သားများ၊ လယ်သမားများ ရိတ်ခြွေစက်များဖြင့် အချိန်တိုအတွင်းတွင် ရိတ်ခြွေနိုင်ပါသည်။ ရိတ်ခြွေစက်များဖြင့် ရိတ်ခြွေခြင်းဖြင့်အလုပ်အကိုင် အဆင်ပြေလျက်ရှိကြောင်း လယ်ယာလုပ်ကိုင်နေသူ တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA(ပဲခူး)