မိုးရာသီ လယ်ပုဇွန်လုံး (လယ်ဂဏန်း) အဆီနှင့် ပုဇွန်ရင်ဘက် ဈေးကွက်

Powered by Drupal

     မိုးရာသီကာလသည် လယ်ပုဇွန်လုံး ခေါ် ဂဏန်းကောင်လေးများ ပေါများသည့် ရာသီချိန် ဖြစ်ပါသည်။ ဒေသအခေါ်လယ်ပုဇွန်လုံးသည် ပင်လယ်ဂဏန်းနှင့် ဆင်တူပြီး အရွယ်အစားသေးပါသည်။ လယ်ပုဇွန်အခွံထဲမှ ထုတ်ယူရရှိသော လယ်ပုဇွန်ဆီနှင့် ပုဇွန်ဆီထုတ်ယူပြီးသော ပုဇွန်ရင်ဘက်များကို နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ရာသီစာအစားအစာအဖြစ် ရောင်းချလျက်ရှိရာ ယခုစက်တင်ဘာလ တတိယပတ်တွင် လယ်ပုဇွန်ဆီ (၁၀)သားလျှင် (၅၀၀၀)ကျပ်နှင့် ပုဇွန်ရင်ဘက် (၁၅)ကျပ်သားခန့် အထုပ်တစ်ထုပ်လျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။ လယ်ပုဇွန်အခွံမှ ထုတ်ယူရရှိသော လယ်ပုဇွန်ဆီကို ချက်စားကြသကဲ့သို့ ပုဇွန်ရင်ဘက်များကို မုန့်နှစ်ဖြင့် လူးကာကြော်စားကြပြီး  ရာသီစာအဖြစ် ကြိုက်နှစ်သက်သူများမှ ဝယ်ယူစားသုံးကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)