ကျိုက်ထိုမြို့တွင် အာဟာရဖြည့်စွက်စာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည်  (၂၃-၉-၂၀၂၄)ရက်နေ့၌ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကျိုက်ထိုမြို့ပေါ်ရှိ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော အာဟာရဖြည့်စွက်စာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အာဟာရဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ အသေးစိတ်ဖော်ပြရမည့်အချက်များနှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခဲ့ရာ အာဟာရဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ကိုက်ညီမှုရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)