စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် ၂၃-၉-၂၀၂၄ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ထိုသို့ အသိပညာပေးခြင်းဆောင်ရွက်ရာတွင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်မင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်၊ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်၊ အခွင့်အာဏာအပ်နှင်းသည့်အမိန့်များနှင့် သတိပြုရမည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ စားသုံးသူဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်(၄)ရပ်အား ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည့်အကြောင်းအရာများကိုမေးမြန်းခဲ့သည်။ ယင်းသို့ မေးမြန်းချက်များအား စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံ ဦးဇော်ဦးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)