တောင်ငူမြို့တွင် စီပီကြက်သားဈေးအနည်းငယ်တက်

Powered by Drupal

      တောင်ငူမြို့ ညောင်ပင်ဈေးရှိ အသားငါးဆိုင်များ၌ အိမ်မွေးကြက်သားမှာ စက်တင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၂၀၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၂၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိနေပါသည်။

   စီပီကြက်မှာ ယခုစက်တင်ဘာလပထမအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိရှိရာမှ ယခုစက်တင်ဘာလနောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိရှိ၍ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေပါသည်။

      ဝက်သား(သုံးထပ်သား)မှာ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ဝက်သား(ပေါင်သား)မှာ တစ်ပိဿာ လျှင် ၂၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း ညောင်ပင်ဈေးရှိ သား/ ငါးဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)