စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျက်ရှိသောကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့မှ(၁၅)ရက်နေ့အတွင်း ပြည်မြို့၊ ဆံတော်ရပ်ကွက်ရှိ ဒေါ်တိုးတိုးဝင်း၏ စိန်နွားမင်း ယိုမျိုးစုံဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့တွင် ကြာနီကန်ရပ်ကွက် ယုဇနလမ်းရှိ ဦးမျိုးမင်းနိုင်၏ ကံ့ကော်အောင် ရှောက်တောင့်လုပ်ငန်းသို့လည်းကောင်း၊ ပျော်ဘွယ်တန်းလမ်း ယွန်းတန်းရပ်ကွက်ရှိ ဦးသိန်းထိုက်ဦး၏ MKဆီစက်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် အမှတ်(၁)ရပ်ကွက်ရှိ ဦးဇော်ဝင်း၏ မြေပဲဆံရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်သွားရောက်၍ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)