![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/1_110.jpg?itok=5jhomEnY)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး (၂၅-၉-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်မှစတင်၍ မြို့တွင်းရပ်ကွက်အသီးသီးရှိ ဆန်စက်များနှင့် ဆန်ဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံက လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် စပါး/ဆန်များကို သိုလှောင်ထားခြင်းမပြုလုပ်ကြရန် သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူများမြင်သာသောနေရာတိုင်းတွင် မြင်သာသောအရွယ်အစားနှင့်ရေးသားဖော်ပြ၍ရောင်းချကြရန်၊ လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် မြန်မာဆန်စပါးအွန်လိုင်း(MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက မှတ်ပုံတင်ဆောင်ရွက်ထားရှိရန်တို့ကို သွားရောက်ကွင်းဆင်း၍ အသိပညာပေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)