မကွေးမြို့နယ်၏ ဘိလပ်မြေဈေးနှုန်းနှင့် လက်ကျန်အခြေအနေ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်ဈေးကွက်အတွင်း အိမ်ဆောက်ပစ္စည်း၊ ဘိလပ်မြေ များ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့်ဈေးနှုန်း၊ လက်ကျန်အခြေအနေများအား အိမ်ဆောက်ပစ္စည်းအရောင်း ဆိုင်များသို့ အပတ်စဉ်ကွင်းဆင်းပြီး လေ့လာစုံစမ်းတင်ပြပေးလျက်ရှိပါသည်။

    မကွေးမြို့နယ်အတွင်း ၂၀၂၄-ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)အတွင်း ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင်အမှတ်တံဆိပ်တစ်အိတ်လျှင် ကျပ်(၁၀၄၀၀)၊ အပါချီ အမှတ်တံဆိပ် တစ်အိတ်လျှင် ကျပ်(၁၁၆၀၀)၊ အယ်ဖာ အမှတ်တံဆိပ် တစ်အိတ်လျှင် ကျပ်(၁၀၃၀၀)တို့ဖြစ်ပြီး စက်တင်ဘာလ (ဒုတိယပတ်)နှင့် နှိုင်းယှဉ်ပါက ကြံ့နှစ်ကောင် အမှတ်တံဆိပ် တစ်အိတ်လျှင် ကျပ်(၆၀၀) နှင့် အယ်ဖာအမှတ်တံဆိပ် တစ်အိတ်လျှင် ကျပ်(၅၀၀)ခန့် ဈေးအနည်းငယ်ကျလာပြီး အပါချီအမှတ် တံဆိပ်ဘိလပ်မြေမှာ ဈေးနှုန်းတည်ငြိမ်လျှက်ရှိကြောင်း၊ လက်ကျန်အနေဖြင့် ကြံ့နှစ်ကောင်(၁၂၇၂) အိတ်၊ အပါချီ(၄၉၀)အိတ်နှင့် အယ်ဖာ (၃၈၀)အိတ်၊ စုစုပေါင်း (၂၁၄၂)အိတ် ကျန်ရှိနေပြီး ယခုအပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေအရ တည်ဆောက်ရေးလုပ်ငန်းများရပ်နားနေ၍ ဘိလပ်မြေအရောင်းအဝယ်နည်းပါးကြောင်း သိရှိရပါသည်။

DOCA(မကွေး)