သာကေတ(၂)ဈေးတွင် အွန်လိုင်းမှဈေးဝယ်ခြင်းနှင့်စပ်လျဉ်းပြီး အသိပညာပေးဆွေးနွေးဟောပြောခြင်း

Powered by Drupal

       (၂၄-၉-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင်  သာကေတမြို့နယ်၊ အမှတ်(၂) ဈေးစည်ပင်သာယာရေးရုံးခန်းမ၌ ဈေးသူ/ဈေးသားများကိုခေါ်ယူ၍ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ခြင်းနှင့်စပ်လျဉ်းပြီး အသိပညာပေးဟောပြောခြင်းလပ်ငန်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

        အဆိုပါဟောပြောပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရို်းစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ဒုကြီးကြပ်ရေးမှူး)က အသိပညာပေးဟောပြောရာတွင် ယခုခေတ်ကာလ၌ အွန်လိုင်းစနစ်ဖြင့် စားသုံးသူများသည် ၎င်းတို့၏လိုအပ်ချက်အရ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုလာကြသည့်အတွက် တန်ဖိုးနှင့်အညီ ငွေပေးချေဝယ်ယူကြရာ "စားသုံးသူအခွင့်အရေး ဦးစားပေး" ဟူသော စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်ကို အပြည့်အဝနားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားခြင်းနှင့် နစ်နာမှုများမကြုံတွ့ကြရစေရန်၊ စားသုံးသူများက ကုန်စည်နှင့်ဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့်ဝယ်ယူသုံးစွဲရာတွင် စားသုံးသူထိခိုက်နစ်နာမှုမရှိစေရေးအတွက် ရောင်းဝယ်မှုလုပ်ငန်းများအားလုံး စနစ်တကျထိန်းကျောင်းနိုင်မည့် အွန်လိုင်းစနစ်အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ခြင်းနှင့် မှတ်ပုံတင်ပြီးသော အွန်လိုင်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ ဝယ်ယူအသုံးပြုကြရန်၊ အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)