မိတ္ထီလာမြို့နယ် စားဖိုဆောင်သီးနှံဖြစ်သည့် အာလူးကို ဒေသတွင်းစိုက်ပျိုးမှုမရှိ၍ ဈေးကွက်အတွင်း ရှမ်းပြည်နယ်၊ အောင်ပန်းဘက်မှ အာလူးများ အရောင်းအဝယ်ဖြစ် ၊ ဈေးကွက်အတွင်း ယခုလက်ရှိ စက်တင်ဘာလ နောက်ဆုံးပတ် အာလူးတစ်ပိဿာလျှင် အသေး (၃၅၀၀) ကျပ်၊ အလတ် (၄၀၀၀-၅၀၀၀) ကျပ်၊ အကြီး တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၊ ယခင်လဩဂုတ်လ စတုတ္တပတ်တွင် အာလူးတစ်ပိဿာလျှင် အသေး (၂၅၀၀) ကျပ်၊ အလတ် (၃၅၀၀) ကျပ်၊ အကြီး တစ်ပိဿာလျှင် (၄၀၀၀) ကျပ် ဈေးသာရှိခဲ့ပြီး၊ ယခင်လနှင့် ယခုလနှိုင်းယှဉ်လျှင် တစ်ပိဿာ (၁၀၀၀) ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လျက်ရှိပါသည်။ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ လမ်း ပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် သယ်ယူစရိတ်မြင့်မားလာခြင်း၊ ဈေးကွက်အတွင်း ပုံမှန်ဝင်ရောက်မှုနည်းနေသေးကြောင်း အာလူးပွဲရုံများမှ သိရှိရသည်။
DOCA(မန္တလေး)