တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်၊သွင်းကုန် တင်ပို့နိုင်မှုအခြေအနေ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တမူးမြို့နယ်၊ တမူးကုန်သွယ်ရေးစခန်းမှ အိန္ဒိယနယ်စပ်သို့ နေ့စဉ် ပို့ကုန်များကို တင်ပို့လျှက်ရှိပါသည်။ ၂၀၂၂ ခုနှစ်၊ မတ်လ စတုတ္ထပတ်တွင် လယ်ယာထွက်ကုန် ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၉.၅၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း(၀.၀၀၃) တင်ပို့နိုင်ခဲ့ ပါသည်။ စက်မှုကုန်ချောအနေဖြင့် စီးကရက်(၁၁.၆၈၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၀၂၈) တင်ပို့နိုင်ခဲ့ပြီး အခြားပစ္စည်းအနေဖြင့် နန့်ဖာလုံကုန်စုံ တန်ဖိုး အမေရိကန်ဒေါ်လာသန်း (၀.၁၁၄) တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။

         သွင်းကုန်အနေဖြင့် ၊ လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဓာတ်မြေသြဇာ (၂၅၀.၀၀၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာသန်း (၀.၁၂၅)တင်သွင်းနိုင်ခဲ့ကြောင်း သိရှိရသည်။ ၂၀၂၂ ခုနှစ်၊ မတ်လ စတုတ္ထပတ်တွင် ပို့ကုန်စုစုပေါင်း(၂၁.၁၈၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၁၄၅)တင်ပို့ နိုင်ခဲ့မှု တန်ချိန်၊ တန်ဖိုးအခြေအနေနှင့် သွင်းကုန်စုစုပေါင်း (၂၅၀.၀၀၀)တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာသန်း(၀.၁၂၅)သန်း တင်သွင်း နိုင်ခဲ့ပါကြောင်း ကုန်သွယ်ရေးဦးစီးဌာန၊ တမူးနယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)