ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးစပါးစိုက်ဧက (၈၂၆၁၀)ကို စိုက်ပျိုးရန်လျာထားခဲ့ရာ လျာထားဧကအတိုင်း ပြည့်မီစွာစိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခုစက်တင်ဘာလနောက်ဆုံးပတ်တွင် ကောက်စောစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ရာ ရိတ်သိမ်းပြီးစီးမှုဧက (၅၁၃) ရှိ၍ တစ်ဧကပျမ်းမျှအထွက်နှုန်း ၉၂.၈၄တင်းရှိကြောင်း သိရှိရပါသည်။ ပေါ်ဦးစကောက်စောစပါး တင်း(၁၀၀)လျှင် ကွင်းဈေးစက်ကျကို အစိုဓာတ်(၂၅%)ဖြင့် (၁၆၅၀၀၀၀)ကျပ် ဈေးနှုန်းရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)