မအူပင်စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်မှုအလားအလာကောင်းများအား ကွင်းဆင်းဆောင်ရွက်

Powered by Drupal

 

        မအူပင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာ၊ မအူပင်ကျိုက်လတ်ကားလမ်းဘေးရှိ  New Talent ကုမ္ပဏိ၏ ဖွံ့ဖြိုးတိုးတက်မှုများကို မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၆.၉.၂၀၂၄) နေ့လယ်ပိုင်းတွင် ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါကွင်းဆင်းလေ့လာဆောင်ရွက်မှုတွင် New Talent ကုမ္ပဏီ၏ တာဝန်ခံဒေါ်ညိုညိုမွှေးမှ အထည်ချုပ်စက်ရုံကို မြန်မာလုပ်သားဦးရေ (၁၃၀၀)ခန့်ဖြင့် နေ့စဉ်ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းနှင့် ထုတ်လုပ်ရရှိသောအထည်များကို ပြည်ပဈေးကွက်သို့ ဖြန့်ချီလျက်ရှိကြောင်းနှင့် စက်ရုံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသခံလုပ်သားပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိလာမည်ဖြစ်ကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။

         စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးအောင်ဇော်ဦးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားအကြောင်းနှင့် လုပ်ငန်းခွင်အဆင်ပြေစေရေးအတွက် ဆောင်ရွက်ထားရှိသင့်သည့်အကြောင်းများကိုလည်း ထပ်မံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)